မင်္ဂလာပါ
ကျွန်ုပ်တို့ဟာ RICE အဖွဲ့ဖြစ်ပြီး
ကျွန်ုပ်တို့သည် ကုန်အမှတ်တံဆိပ် (brand) များ၏ ရည်မှန်းချက်များအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရာမှာ ကူညီဆောင်ရွက်ပေးရခြင်းကို ခုံမင်နှစ်သက်ပါတယ်။ နည်းဗျူဟာကျ ဆက်သွယ်ဆက်ဆံရေး အကြံပေးလုပ်ငန်းတစ်ခုအနေဖြင့် အဖွဲ့အစည်းများကို အာရှဒေသမှာရှိတဲ့ ၎င်းတို့ သိကြားစေချင်တဲ့သူတွေဟာ ဘယ်လိုလူတွေဖြစ်တယ်၊ အဲ့ဒီလူတွေဆီကို ဘယ်လိုနည်းဗျူဟာကျ ဆက်သွယ်ဆက်ဆံရေး နည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် ပေးချင်တဲ့ သတင်းစကားတို့ကို ဘယ်လိုဘယ်ပုံရောက်ရှိနိုင်တယ်ဆိုတာကို သိရှိနားလည်စေဖို့ ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။





ဘလော့ဂ်
ဘလော့ဂ်
ကျွန်ုပ်တို့၏ ဖောက်သည်များ
RICE ကတော့ အာရှဒေသတွင်းမှာ ကျွန်မတို့ရဲ့ ကုန်အမှတ်တံဆိပ် (brand) ကို တည်ဆောက်တဲ့နေရာမှာ ပိုပြီးအောင်မြင်အောင် ကူညီဆောင်ရွက်ပေးရင်း ကျွန်မတို့ရဲ့ ဆက်သွယ်ဆက်ဆံရေး မိတ်ဖက်အဖြစ် လက်တွဲလုပ်ကိုင်လာခဲ့တာ နှစ်အတော်လေးကို ကြာနေပါပြီ။ RICE ရဲ့ အကြံပေးဆွေးနွေးမှုတွေ၊ အချက်အလက်တွေအပေါ်မှာ အသေးစိတ်အလေးထားဆောင်ရွက်တတ်တာတွေ၊ တခြားတစ်ဖက်မှာရှိနေတဲ့ ကျွန်မတို့နဲ့ သက်ဆိုင်တဲ့မိတ်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်မှုကိုလည်း အမြဲအလေးထားလုပ်ဆောင်လေ့ရှိတာတွေ စတဲ့အချက်တွေက ကျွန်မတို့ အထူးတလည် တန်ဖိုးထားတဲ့ အားသာချက်တွေပါပဲ
– Linda Lee, Director Corporate Communications, APAC & China, LinkedInRICE ကတော့ Hilton ရဲ့ အာရှပစိဖိတ်ဒေသတွင်းမှာ စီးပွားရေးနယ်ပယ်အသီးအသီးသီးအတွက် ရေရှည်လက်တွဲလာခဲ့တဲ့ အားထားယုံကြည်ရတဲ့ မိတ်ဖက်ပါတနာပါပဲ။ ပြီးခဲ့တဲ့နှစ်က ဒေသတွင်းမှာ Hilton Honors ရဲ့ရပ်တည်မှုကို အရှိန်အဟုတ်မြှင့်တင်ဖို့ရာမှာ အဖွဲ့သားတွေနဲ့အတူတွဲ လုပ်ကိုင်ရတာ အရမ်းကို စိတ်ချမ်းသာရပါတယ်။ သူတို့က ကျွန်မတို့ရဲ့လုပ်ငန်းအကြောင်း၊ ကျွန်မတို့လုပ်ငန်းရဲ့ပရိတ်သတ်ကို ကောင်းကောင်းနားလည်ပြီး စိန်ခေါ်မှုတွေအားလုံးကို ချက်ချင်းဆိုသလိုဖြေရှင်းနိုင်ပြီး ကျွန်မတို့လုပ်ငန်းအကြောင်းကို ပြောပြဖို့ရာလည်း စိတ်ကူးစိတ်သန်း ဖန်တီးမှုကောင်းကောင်းနဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
– Rachel Howard, Sr. Manager Loyalty and Aspirational Experiences, Asia Pacific, Hilton































