Rice About Us

အကြောင်း

ကောင်းကျိုးသက်ရောက်မှုများ ဖန်တီးယူခြင်း

RICE တွင် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ နည်းဗျူဟာကျ ဆက်သွယ်ဆက်ဆံရေးအကြံပေးလုပ်ငန်း တစ်ခုအဖြစ် ကျွန်ုပ်တို့ ဖောက်သည်များ၏လုပ်ငန်းများ၊ RICE အဖွဲ့သားဝန်ထမ်းများ၏ နေထိုင်မှုဘဝများနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြုသဘောဆောင်သော ကောင်းကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ဖောက်သည်များအတွက် ဗျူဟာကျကျလုပ်ဆောင်ပေးနိုင်ရန်၊ တီထွင်ဖန်တီးနိုင်ရန်နှင့် ပြောင်းလွယ်ပြင်လွယ်နိုင်စေရန် ကြိုးပမ်းလုပ်ဆောင်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်လည်း လူတိုင်းကို လုပ်ငန်းရှင်စိတ်မွေးနိုင်ရန် ဦးစားပေးအလေးထားလုပ်ဆောင်ပါတယ်။

လမ်းသစ်များဖောက်ခြင်း

ကျွန်ုပ်တို့၏ ခရီးလမ်းအစကတော့ ကမ္ဘာ့ထိပ်တန်းကုန်အမှတ်တံဆိပ် (brand) တွေရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ဆက်ဆံရေး မိတ်ဖက်လုပ်ငန်းတစ်ခုအဖြစ်နဲ့ စင်ကာပူနိုင်ငံမှာ ၂၀၀၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကျွနု်ပ်တို့ကိုလိုအပ်နေတဲ့ ဈေးကွက်တွေဖြစ်တဲ့ မြန်မာနဲ့ ဟောင်ကောင်မှာ လမ်းသစ်ဖောက်လုပ်ပြီး လျှောက်လှမ်းလာခဲ့ပါတယ်။ ယနေ့အချိန်အခါအထိ ကျွန်ုပ်တို့ဟာ ဖောက်သည်များအတွက် နည်းဗျူဟာကျကျ၊ တီထွင်ဖန်တီးမှုအားကောင်းကောင်းနဲ့ ဆက်သွယ်ဆက်ဆံရေးဝန်ဆောင်မှုများကို အလေးထားဆောင်ရွက်ပေးလျက်ရှိတဲ့ အမှီအခိုကင်းပြီးလွတ်လပ်တဲ့ အကြံပေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ အာရှတစ်ခွင်နဲ့ ကမ္ဘာတစ်လွှားမှာ ကျွနု်ပ်တို့ဖောက်သည်တွေရဲ့ ရည်မှန်းချက်တွေကို ပြည့်မြောက်အောင် ကူညီဆောင်ရွက်ပေးနိုင်တဲ့ အေဂျင်စီတွေနဲ့လည်း အလျင်းသင့်သလို ပူးပေါင်းလုပ်ကိုင်လျက်ရှိပါတယ်။

swipe icon

ကျွန်ုပ်တို့၏ မိတ်ဖက်လုပ်ငန်းများ

ကျွန်ုပ်တို့၏ မိတ်ဖက်လုပ်ငန်းများ

swipe icon

လမ်းသစ်ဖောက်လုပ်သူ အဖွဲ့သားများ